“မြန်မာ ယူ- ၁၇ အသင်းကို တရုတ်နဲ့ ကာတာနိုင်ငံများသို့ လေ့ကျင့်ရေးစေလွှတ်သွားမည်”
30 Dec
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံယူ-၁၇ ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများသို့ စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေဖို့ စီစဉ် ထားကြောင်း သိရပါတယ်။ မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်ထဲမှာ အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပြီး အဆိုပါပြိုင်ပွဲများမှာ ထိုက်သင့်တဲ့အောင်မြင်မှုများရရှိဖို့ ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)ကနေ သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း တရုတ်နိုင်ငံနဲ့ မတ်လအတွင်းမှာ ကာတာနိုင်ငံတို့ကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ စီစဉ်လျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာ မြန်မာ ယူ-၁၇ လူငယ်အသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၆ အာဆီယံ ယူ-၁၇ ပြိုင်ပွဲနဲ့ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာယူ-၁၇ လူငယ် အသင်းဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၂၆ အာဆီယံယူ-၁၇ ချန်ပီယံရှစ် ပြိုင်ပွဲနဲ့ မေလအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၆ အာရှဖလားယူ-၁၇ ပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ (NVS 008)