“နာသန်အကီ ကို ယူရိုသန်း ၃၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့စီစဉ်နေတဲ့ မန်စီးတီးအသင်း”
30 Dec
မန်စီးတီးအသင်းဟာ နယ်သာလန်နောက်ခံလူ နာသန်အကီ ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ယူရိုသန်း ၃၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။ ၂၀၂၀ နွေရာသီမှာ ဘုန်းမောက်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နာသန်အကီ ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် လက်ရှိအချိန်မှာ ပွဲကစားခွင့် အနည်းငယ်သာ ရရှိနေပါတယ်။ နာသန်အကီ ဟာ လာမယ့်ဖေဖော်ဝါရီလမှာ အသက် ၃၁ နှစ်ပြည့်တော့မှာဖြစ်လို့ မန်စီးတီးအသင်းကလည်း ရောင်းထုတ်ဖို့လိုလားနေပြီး ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၃၀ ဝန်းကျင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။ (NVS 008)
30 Dec