“ထိုင်ဝမ်ကျွန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရုရှားထောက်ခံ”

30 Dec

ထိုင်ဝမ်ကျွန်းအရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အဆိုပါကိစ္စရပ်တွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ရုရှားနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေး သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ ကပြောသည်။ ၂၀၀၁ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် “ရုရှား-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်”အရ နှစ်နိုင်ငံစလုံးသည် အချုပ်အခြာအာဏာကာကွယ်ရေးအတွက် အပြန်အလှန်ကူညီပံ့ပိုးရန် ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း လက်ရော့ က အလေးပေးပြောဆိုသည်။ ရုရှားနိုင်ငံက “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို အစဉ်တစိုက်လိုက်နာလျက်ရှိပြီး ထိုင်ဝမ်ကျွန်းကို သီးခြား လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။ ယခုကဲ့သို့ ရုရှားနိုင်ငံ၏ ထုတ်ဖော်ပြောဆို ချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ထိုင်ဝမ်ကျွန်းအရေးတွင် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများအပေါ် သတိပေးချက်များ ထုတ်ပြန်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှုကို ပိုမိုခိုင်မာစေသည့်အပြင် အနောက်အုပ်စု၏ ဖိအားပေးမှုများကို စုပေါင်း တုံ့ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။

30 Dec

ADVERTISE HERE .