“သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် ရုရှားသံအမတ်ကြီးက သင်ခန်းစာများ လာရောက်ပို့ချ‌ပေး”

30 Dec

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy MDA) ၌ ဖွင့်လှစ်လျက်ရှိတဲ့ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov က သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သိရပါတယ်။ သံအမတ်ကြီးအနေနဲ့ ဧည့်ပါမောက္ခများ ပို့ချမှုအစီအစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး “Situation in the Asia-Pacific Region” ခေါင်းစဉ်ဖြင့် သင်ခန်းစာများ ဆွေးနွေးပို့ချခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပို့ချမှုအတွင်း အာရှ-ပစိဖိတ်‌ဒေသအတွင်း နိုင်ငံရေး၊ သံတမန်ရေးရာအားပြိုင်မှုများ၊ ပြင်ပနိုင်ငံများမှ သက်ရောက်မှုများ၊ အာဆီယံ၏ အချက်အချာကျမှုနှင့် နှစ်အလိုက် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုနှင့် အလားအလာများ၊ အာရှနှင့် အနောက် နိုင်ငံများအကြား သံတမန်ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ သင်တန်းသား၊ သင်တန်းသူများက ကမ္ဘာ့အင်အားချိန်ခွင်လျှာ အရွေ့များနှင့်စပ်လျဉ်း၍ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

30 Dec

ADVERTISE HERE .