“လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပြည်လမ်းကို ခေတ္တပိတ်မည်”
30 Dec
လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေးအခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်လို့ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၄ ရက်နံနက် ၄ နာရီ၌ အလံတင်အခမ်းအနား၊ နံနက် ၇ နာရီ၌ နိုင်ငံတော်အလံ အလေးပြု အခမ်းအနားနှင့် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတို့ကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အစမ်းလေ့ကျင့်ခြင်းကို ဇန်နဝါရီလ ၂ ရက် နံနက် ၄ နာရီမှာ ပြုလုပ်သွားမှာြဖစ်ပါတယ်။ ဒါကြောင့် အစမ်းလေ့ကျင့်ခြင်းနှင့် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပချိန်မှစတင်ကာ အခမ်းအနား ပြီးဆုံးချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင် လာသော ယာဉ်များအနေနဲ့ မြေနီကုန်းတံတားအောက် ရှင်စောပုလမ်းသို့ ချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များက ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့ကာ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းတို့သို့ ဆက်လက်မောင်းနှင်ကြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အနှံ့အပြားမှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)