“ဘာစီလိုနာအသင်းကို အပြီးသတ်ပြောင်းရွှေ့ချင်တယ်လို့ဆိုတဲ့ ရက်ရှ်ဖို့ဒ်”
29 Dec
အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် က ရာသီအကုန်မှာ ဘာစီလိုနာအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိ ကြောင်း ထပ်မံပြောကြားလိုက်ပြီး ကတ်တလန်အခြေစိုက်အသင်းမှာ အချိန်အကြာကြီးနေဖို့က သူ့ရဲ့အဆုံးသတ် ပန်းတိုင်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းကနေ ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့ ရောက်ရှိ နေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဖလစ်ခ် လက်အောက်မှာ ရက်ရှ်ဖို့ဒ် က ပုံမှန်ခြေစွမ်း ပြန်လည်ပြသ နိုင်ခဲ့သလို ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ဖန်တီးပေးထား နိုင်ခဲ့ပါတယ်။ လာလီဂါကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သလို ရာသီအကုန်မှာ ဘာစီလိုနာအသင်းကို အပြီးသတ်ပြောင်းခွင့်ရဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ရာသီအကုန်မှာ ရက်ရှ်ဖို့ဒ် ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိနေပါတယ်။ (NVS 008 )