“၂၀၂၅ ခုနှစ်အတွင်း ဂိုး ၄၀ ပြည့်မြောက်ခဲ့တဲ့ စီရော်နယ်လ်ဒို”

29 Dec

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ဟာ အယ်လ်အိုဒူဒီအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ ပွဲမှာ နှစ်ဂိုးသွင်းပြီး ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်းသွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ကစားသမားဘဝမှာ တစ်နှစ်တာအတွင်း ဂိုး ၄၀ နဲ့အထက် သွင်းယူနိုင်မှုအနေနဲ့ ၁၄ နှစ် အထိ ရှိလာခဲ့ပါတယ်။ ဂိုးအများဆုံးသွင်းခဲ့တဲ့ နှစ်က ၂၀၁၃ ခုနှစ်ဖြစ်ပြီး ကလပ်နဲ့နိုင်ငံအတွက် ၆၃ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။ သူ့ရဲ့ကစားသမားဘဝ သွင်းဂိုးစုစုပေါင်းကလည်း ၉၅၆ ဂိုးအထိရှိလာကာ ဂိုး ၁,၀၀၀ ပြည့်မြောက်ဖို့ ၄၄ ဂိုးသာ ကျန်ရှိပါတယ်။ စီရော်နယ်လ်ဒို ဟာ အခုရာသီဆော်ဒီလိဂ် ကိုးပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားပြီး အယ်လ်နာဆာအသင်းက ဆော်ဒီပရိုလိဂ်သမိုင်းမှာ ရာသီအဖွင့် ၁၀ ပွဲစလုံး အနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ (NVS 008 )

29 Dec

ADVERTISE HERE .