“ပရီးမီးယားလိဂ်ချန်ပီယံဆုထက် ဥရောပဝင်ခွင့်အတွက်သာ ယှဉ်ပြိုင်နေတာလို့ဆိုတဲ့ ဗီလာအသင်းနည်းပြ”
29 Dec
အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီ က ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ သူ့ရဲ့အသင်း ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုထက် ဥရောပဝင်ခွင့်အတွက်သာ ယှဉ်ပြိုင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဗီလာအနေနဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ရပြီး ၁၉၁၄ ခုနှစ်က အသင်းရဲ့ နိုင်ပွဲဆက်မှတ်တမ်းကို လိုက်မီခဲ့ ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ရှစ်ပွဲဆက်အနိုင်ရခဲ့လို့ ၁၉၁၀ ပြည့်နှစ်က လိဂ်ပွဲကိုးပွဲဆက် အနိုင်ရတဲ့မှတ်တမ်းကို အမီလိုက်ဖို့ တစ်ပွဲသာလိုပါတော့တယ်။ ဗီလာအသင်းဟာ လာမယ့်အင်္ဂါနေ့မှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဗီလာအနေနဲ့ ပထမအကျော့မှာလည်း အာဆင်နယ်အသင်းကို အနိုင်ကစားခဲ့ပြီး အမ်းမရိတ်ကွင်း နောက်ဆုံးနှစ်ရာသီမှာလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရရှိခဲ့ပါတယ်။ (NVS 008)
29 Dec