“2025 Globe Soccer ဆုပေးပွဲမှာ အရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို ရရှိ”

29 Dec

ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့တဲ့ 2025 Globe Soccer ဆုပေးပွဲမှာ အရှေ့အလယ်ပိုင်းအကောင်းဆုံး ကစားသမားဆုကို အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို က ရရှိခဲ့ကြောင်း သိရပါတယ်။ 2025 Globe Soccer ဆုပေးပွဲကို ၂၀၁၀ ပြည့်နှစ်မှ စတင်ခဲ့ပေမယ့် အကောင်းဆုံးကစားသမားဆုကို ၂၀၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး စီရော်နယ်လ်ဒို က ၆ ကြိမ်ရရှိကာ အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။ စီရော်နယ်လ်ဒို က အရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုကို ၃ နှစ်ဆက်တိုက် ရရှိထားပြီး နည်းပြတွေထဲမှာ အများဆုံး ရရှိထားသူကတော့ ရီးရဲလ်အသင်းနဲ့အတူ ၃ ကြိမ်အထိ ရရှိထားတဲ့ အန်ဆယ်လော့တီ ဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်ဆုရရှိခဲ့သူတွေက အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ၊ အကောင်းဆုံးအမျိုးသမီး ကစားသမားဆု ကို ဘွန်မာတီ(ဘာစီလိုနာ)၊ အကောင်းဆုံးနည်းပြဆုကို အန်းနရစ်(PSG)၊ အကောင်းဆုံးထွန်းတောက်လာတဲ့ ကစားသမားဆုကို ဒူအီ(PSG)၊ အရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို၊ အကောင်းဆုံး အမျိုးသားကလပ်အသင်းဆုကို PSG၊ အကောင်းဆုံးအမျိုးသမီး ကလပ်အသင်းဆုကို ဘာစီလိုနာ၊ အကောင်းဆုံး ကွင်းလယ် ကစားသမားဆုကို ဗီတင်ညာ(PSG)၊ အကောင်းဆုံးရှေ့တန်း ကစားသမားဆုကို ယမားလ်(ဘာစီလိုနာ)တို့ ရရှိခဲ့ပါတယ်။ (NVS 008 )

29 Dec

ADVERTISE HERE .