“တောင်အမေရိကမှာ ရာသီကြိုခြေစမ်းပွဲကစားဖို့ စီစဉ်ထားတဲ့ အင်တာမိုင်ယာမီအသင်း”

29 Dec

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဦးဆောင်ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ၂၀၂၆ ရာသီ အတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် တောင်အမေရိကမှာ ရာသီကြိုခြေစမ်းပွဲကို ၃ ပွဲအထိ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ပီရူး၊ ကိုလံဘီယာနဲ့ အီကွေဒေါနိုင်ငံတွေကို သွားရောက်ပြီး ဒေသခံထိပ်တန်း ကလပ်တွေနဲ့ ခြေစမ်းယှဉ်ပြိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ဇန်နဝါရီလ ၂၄ ရက်မှာ ပီရူးနိုင်ငံရဲ့ ဒုတိယအအောင်မြင်ဆုံးကလပ်ဖြစ်တဲ့ Alianza Lima အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်မှာ ကိုလံဘီယာရဲ့ နာမည်ကျော်ကလပ်အသင်းဖြစ်တဲ့ အက်သလက်တီကိုနေစီယွန်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၇ မှာ အီကွေဒေါနိုင်ငံရဲ့ အအောင်မြင်ဆုံးကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစား မှာဖြစ်ပြီး မေဂျာလိဂ်ကလပ်နဲ့ အီကွေဒေါကလပ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားတဲ့ပွဲအဖြစ် မှတ်တမ်း ဝင်မယ်လို့ သိရပါတယ်။ (NVS 008 )

29 Dec

ADVERTISE HERE .