“ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့နိုဝင်ဘာလအတွင်း နေလှန်းဆားပိဿာချိန် အများအပြား တင်ပို့ရောင်းချ နိုင်ခဲ့”
29 Dec
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ဒေသထွက်နေလှန်း ဆားပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံများ ကနေ သိရပါတယ်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ဒေသထွက်နေလှန်းဆားပိဿာချိန် ၅၀,၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း နေလှန်းဆားပိဿာချိန် ၈၅,၀၀၀ ထိ တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း သိရပါတယ်။ ငပုတောမြို့နယ်မှာ ဒေသထွက်နေလှန်းဆားများကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန် ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပါတယ်။ လက်ရှိတွင် နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၇,၀၀၀ ထိပေါက်ဈေးရှိနေပြီး အဆိုပါ ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုလျက် ရှိကြောင်းသိရပါတယ်။(NVS 004)
29 Dec