“နိုင်ငံတော်ယာယီသမ္မတ နေပြည်တော်ဘူတာကြီးအား ကြည့်ရှုစစ်ဆေး”
29 Dec
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ဘူတာကြီးကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတ က နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး(DEMU)အစုန်ရထား ဘူတာရုံမှာ အဆင့်မြင့်ရထားများ ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတမှ ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံကို အဆင့်မြှင့်တင်ရန်၊ ရထားဘူတာရုံအတွင်း သန့်ရှင်း သာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ၏ သွားလာနေထိုင်မှုများ စည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးတို့ကို မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော် ယာယီသမ္မတက ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)