“နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ဆန္ဒမဲပေး”

29 Dec

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာလ ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ နိုင်ငံတစ်ဝန်းလုံး ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်၍ ဆန္ဒမဲပေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ဆန္ဒမဲပေးပြီးချိန်မှာ မဲရုံသို့ လာရောက်သတင်းရယူကြတဲ့ သတင်းမီဒီယာများရဲ့ သိရှိလိုတာများနှင့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီမှာ စတင်ကျင်းပခဲ့ပါတယ်။ အဆိုပါရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲဆန္ဒရှင်များရဲ့ ဆန္ဒမဲပေးမှုပြီးဆုံးချိန်ဖြစ်တဲ့ ညနေ ၄ နာရီမှာ မဲရုံများကို ပိတ်သိမ်းခဲ့ပါတယ်။ မဲပေးမှုပြီးဆုံးချိန်မှာ သက်ဆိုင်ရာ မဲရုံမှူးများနဲ့ အဖွဲ့ဝင်များက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရဲ့ ရှေ့မှောက်မှာ မဲပေးစက် Control Unit မှ မဲရလဒ် များကို ထုတ်ယူကာ စနစ်တကျရေတွက်ခြင်းနဲ့ ကြိုတင်မဲများ စနစ်တကျရေတွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

29 Dec

ADVERTISE HERE .