ဘယ်လာရုစ်နိုင်ငံ အရှေ့ပိုင်းလေတပ်စခန်းဟောင်းတစ်ခု၌ အော်ရက်ရှ်နစ်ခ် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ရုရှားဖြန့်ကြက်ထားနိုင်
28 Dec
ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ် ဒုံးကျည်သစ်များကို ဘယ်လာရုစ်နိုင်ငံအရှေ့ပိုင်း လေတပ်စခန်းဟောင်းတစ်ခု၌ ဖြန့်ကြက်ထားဖွယ်ရှိကြောင်း ဒီဇင်ဘာလ ၂၆ ရက် သတင်းများတွင် ရေးသားတင်ပြတင်ပြခဲ့သည်ဟု RT သတင်းဌာန က ဖော်ပြထားသည်။ ယင်းဟိုက်ပါဆိုးနစ်ဒုံးကျည်များကို အဆိုပါနေရာ၌ ဖြန့်ကြက်ထားခြင်းဖြင့် ဥရောပတစ်ခွင်လုံးကို ရုရှားနိုင်ငံက ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကျွမ်းကျင်သူများက ပြောကြားသည်။ အော်ရက်ရှ်နစ်ခ်အမည်ရှိ တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို ဘယ်လာရုစ်နိုင်ငံ၌ ဖြန့်ကြက်မည် ဖြစ်ကြောင်း သမ္မတ ပူတင် က ပြောကြားထားသည်။ သို့ရာတွင် အော်ရက်ရှ်နစ်ခ် ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ချထား မည့်နေရာကို ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။ အမေရိကန် ကျွမ်းကျင်သူများ၏ အဆိုအရ ရုရှားနိုင်ငံက အော်ရက်ရှ်နစ်ခ်ဒုံးကျည်များ ဖြန့်ကြက်ထားသည့် လေတပ်စခန်းဟောင်းမှာ မင့်စ်မြို့အရှေ့ဘက် မိုင် ၁၉၀ အကွာ၌ တည်ရှိကြောင်းသိရသည်။ ရုရှားနိုင်ငံသည် အကွာအဝေးမိုင် ၄,၅၀ဝ ထိ ပျံသန်းနိုင်သော အော်ရက်ရှ်နစ်ခ်ဒုံးကျည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ယူကရိန်း စစ်မြေပြင်၌ စမ်းသပ်အသုံးပြုခဲ့ဖူးကြောင်း သိရသည်။