၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအား အာဆင်နယ်အသင်းဆွတ်ခူးမည်ဟု စူပါကွန်ပျူတာခန့်မှန်း

27 Dec

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအား အာဆင်နယ်အသင်းဆွတ်ခူးနိုင်မည်ဟု စူပါကွန်ပျူတာက ခန့်မှန်းဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းက လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲကစားအပြီးတွင် ရမှတ် ၃၉ မှတ်ဖြင့် အဆင့်(၁)နေရာတွင် ရပ်တည်လျက်ရှိပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်အသင်းက ရာသီကုန် တွင် ချန်ပီယံဆုဆွတ်ခူးနိုင်မည်ဖြစ်ပြီး အဆင့်(၂)နေရာတွင် မန်စီးတီး၊ ၄င်းနောက်တွင် အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်၊ အဲဗာတန်၊ ဘရိုက်တန်တို့ အသီးသီး ရပ်တည်လျက်ရှိကြောင်း ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက စူပါကွန်ပျူတာ ခန့်မှန်းထားသည့်အတိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

27 Dec

ADVERTISE HERE .