ဘာစီလိုနာအသင်းတွင်သာ ကစားလိုကြောင်းပြောခဲ့တဲ့ ဖာမင်လိုပက်
27 Dec
ဘာစီလိုနာအသင်း လူငယ်ကွင်းလယ်ကစားသမား ဖာမင်လိုပက် က ချယ်လ်ဆီးအသင်းနှင့်အပြောင်း အရွှေ့သတင်းများ ထွက်ပေါ်နေသော်လည်း ဘာစီလိုနာအသင်းတွင်သာ ကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဖာမင်လိုပက် အနေနဲ့ ပွဲကစားခွင့်များရရှိနေသော်လည်း အသင်းကွင်းလယ်ပိုင်းတွင် ပက်ဒရီ၊ ဂါဗီ နဲ့ ဒီဂျောင် တို့ရှိနေတဲ့အတွက် ဘာစီလိုနာအသင်းက လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလ သို့မဟုတ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဖာမင်လိုပက် ကို မြင့်မားသည့်ပြောင်းရွှေ့.ကြေးတစ်ရပ် ရရှိပါက ရောင်းချဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလကတည်းက ဖာမင်လိုပက် ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး မအောင်မြင်ခဲ့တဲ့အတွက် လာမည့်အပြောင်းအရွှေ့ကာလများတွင် ထပ်မံခေါ်ယူရန် ပြင်ဆင်နေခဲ့ပါတယ်။ ဖာမင်လိုပက် က အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘာစီလိုနာအသင်းမှာ ကစားဖို့သာ ဆန္ဒရှိပြီး အသင်းမှာ ကာလရှည်ကစားဖို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)