မန်ယူအသင်းက အငှားစေလွှတ်ထားသည့် တိုဘီကွိုင်ယာ ကို ပြန်လည်ခေါ်ယူ

27 Dec

မန်ယူအသင်းက ဝက်စ်ဘရွန်းအသင်းထံ အငှားစာချုပ်ဖြင့်စေလွှတ်ထားသည့် လူငယ်ကွင်းလယ်ကစားသမား တိုဘီကွိုင်ယာ ကို အသင်းထံပြန်လည်ခေါ်ယူခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက်၂၁ နှစ်အရွယ် တိုဘီကွိုင်ယာ ဟာ မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းနှင့်အတူ စတင်ပူးပေါင်းခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစား ခွင့်ရခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက တိုဘီကွိုင်ယာ ကို ဝက်စ်ဘရွန်းအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့သော်လည်း စာချုပ်ပါအချက်အလက်များအရ လိုအပ်ပါက အသင်းထံ အချိန်မရွေး ပြန်လည်ခေါ်ယူနိုင်မည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့လို့ ယခုအခါ မန်ယူအသင်းက ရာသီဝက် ကာလတွင် အသင်းထံသို့ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက လက်ရှိဘောလုံးရာသီတွင် အသင်းကွင်းလယ်ပိုင်း၌ လိုအပ်ချက်များရှိနေပြီး အဓိက ကစားသမား ဖာနန်ဒက် က တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့်အနားယူရမှာဖြစ်တဲ့အပြင် ကိုဘီမိုင်နူး ကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပြန်လည်ကစားနိုင်မည်ကို မသိရှိရသေးဘဲ အူဂါတေး ကလည်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသဖြင့် ကက်စမဲရိုး နှင့် မေဆင်မောင့် နှစ်ဦးကိုသာ အားထားနေရလို့ တိုဘီကွိုင်ယာ ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ တိုဘီကွိုင်ယာ အနေနဲ့ လက်ရှိဘောလုံးရာသီတွင် ဝက်စ်ဘရွန်းအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီး တစ်ဂိုးသွင်းယူထားကြောင်း သိရပါတယ်။(NVS 008)

27 Dec

ADVERTISE HERE .