ဗင်နီစီးယက် ရဲ့အေးဂျင့်အဖွဲ့က ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့် ဆက်သွယ်ဆွေးနွေးမှုများလုပ်ဆောင်

27 Dec

ရီးယဲလ်မက်ဒရစ်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေတဲ့ ဗင်နီစီးယက် ရဲ့အေးဂျင့်အဖွဲ့က ပရီးမီးယားလိဂ် ကလပ်အသင်းများနှင့်ချိတ်ဆက်ကာ ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။ ဗင်နီစီးယက် နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက လက်ရှိဘောလုံးရာသီအစပိုင်းကတည်းက သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေး မှုများလုပ်ဆောင်နေသော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေခဲ့ပြီး အနာဂတ်မရေမရာ ဖြစ်နေခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက ဗင်နီစီးယက် ကို ယခုဘောလုံးရာသီကုန်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ်ရှိနေတဲ့အတွက် ဗင်နီစီးယက် ရဲ့အေးဂျင့်အဖွဲ့က ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားနိုင်ရန် ပရီးမီးယားလိဂ်မှ ထိပ်တန်းကလပ် အသင်းများနှင့်ဆက်သွယ်ကာ ဆွေးနွေးမှုများလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဗင်နီစီးယက် ကို အစောပိုင်းကတည်းက ဆော်ဒီထိပ်တန်းကလပ်အသင်းကြီးများက စံချိန်တင်ပြောင်း ရွှေ့ကြေးအပြင် စံချိန်တင်လုပ်ခလစာတို့ဖြင့် ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း ဗင်နီစီးယက် ကိုယ်တိုင်က ဥရောပ တွင်သာ ဆက်လက်ကစားလိုတဲ့အတွက် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)

27 Dec

ADVERTISE HERE .