ရိုဒရီ ရဲ့ နေရာတွင်အစားထိုးရန် အန်ဒါဆန် နှင့် လီဗာရာမန်တို တို့ကိုခေါ်ယူရန် မန်စီးတီးအသင်းစီစဉ်
27 Dec
မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ရိုဒရီ ရဲ့နေရာတွင်အစားထိုးရန် လူငယ်ကွင်းလယ်ကစားသမား များဖြစ်တဲ့ နော်တင်ဟမ်အသင်းမှ အန်ဒါဆန် နှင့် နယူးကာဆယ်အသင်းမှ လီဗာရာမန်တို တို့ကို ခေါ်ယူရန်စီစဉ် နေကြောင်း သိရပါတယ်။ ရိုဒရီ ဟာ ၂၀၂၄ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်သည်အထိ မန်စီးတီးအသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြင်းထန်တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ကာလရှည်အနားယူ ခဲ့ရကာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး မကြာခဏဒဏ်ရာရရှိနေတဲ့အတွက် လက်ရှိဘောလုံးရာသီအကုန်တွင် ရောင်းချသွားဖွယ်ရှိနေပါတယ်။ မန်စီးတီးအသင်းက ရိုဒရီ ရဲ့ နေရာတွင်အစားထိုးရန် ကစားသမားရှာဖွေမှုများကို လက်ရှိအချိန်ကတည်းက လုပ်ဆောင်နေပြီး နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြလျက်ရှိတဲ့ လီဗာရာမန်တို နဲ့ နော်တင်ဟမ်အသင်းမှ အန်ဒါဆန် တို့ကို ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ပါတယ်။(NVS 008)