ဘာစီလိုနာကစားသမား ခွန်ဒဲ ကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်းဆန္ဒရှိ

27 Dec

ပီအက်စ်ဂျီအသင်းက ဘာစီလိုနာနောက်ခံကစားသမား ခွန်ဒဲ ကိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဥရောပဘောလုံးလောကကို ဆက်လက်စိုးမိုးလိုပြီး အသင်းခံစစ်ကို အဓိကအားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက နောက်ခံကစားသမား ခွန်ဒဲ ကိုခေါ်ယူရန် ပစ်မှတ်ထားနေကာ ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် ခွန်ဒဲ ကို ရောင်းချဖွယ်ရှိပြီး ကစားသမား ကိုယ်တိုင်ကလည်း ကမ်းလှမ်းမှုများရှိလာပါက အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်းနဲ့ ပီအက်စ်ဂျီနည်းပြ အန်းနရစ် ကလည်း ခွန်ဒဲ ကိုခေါ်ယူရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရပါတယ်။(NVS 008)

27 Dec

ADVERTISE HERE .