ဗီနီစီးယက်စ် ရဲ့နေရာမှာ ဟာလန်း နဲ့ အစားထိုးမည့်သတင်းများကို ရီးရဲလ်မက်ဒရစ်အသင်း ငြင်းပယ်
27 Dec
ရီးရဲလ်မက်ဒရစ်အသင်းက အနာဂတ်မရေမရာဖြစ်နေတဲ့ ဗီနီစီးယက်စ် ရဲ့နေရာမှာ ဟာလန်း နဲ့ ပြန်လည် အစားထိုးမည့်သတင်းများကို ငြင်းပယ်ခဲ့ကြောင်း Mundo သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဗီနီစီးယက်စ် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် ကာလရှည်ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဗီနီစီးယက် ကို ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိပါက ရောင်းချရန်ဆုံးဖြတ်ထားပြီး လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဆော်ဒီကလပ်အသင်းများနှင့် သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဗီနီစီးယက် ထွက်ခွာ ခဲ့ပါက အသင်းတိုက်စစ်ပိုင်းတွင် အမ်ဘာပေ က အကောင်းဆုံးခြေစွမ်း ပြသနေတာကြောင့် ဟာလန်း ကို ခေါ်ယူမည် မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဗီနီစီးယက် အနေနဲ့ နောက်ပိုင်းပွဲစဉ်များတွင် သွင်းဂိုးများရရှိရန် ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းလည်း ကျဆင်းနေခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းက ဗီနီစီးယက် ကို လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ တွင် ရောင်းချသွားဖွယ်ရှိနေပြီး ရိုဒရီဂို ကို အသင်းတွင် ပြန်လည်ထိန်းသိမ်းရန် စီစဉ်ထားကြောင်း သိရပါတယ်။(NVS 008)