မန်ယူအသင်းက ရောင်းချမည့် ဇက်ဇီး ကို အာဖရိကဖလားပြိုင်ပွဲပြီးမှသာ ထွက်ခွာခွင့်ပြုမည်
27 Dec
မန်ယူအသင်းက တိုက်စစ်မှူး ဇက်ဇီး ကို ရောင်းချရန်ဆုံးဖြတ်ထားသော်လည်း အာဖရိကဖလားပြိုင်ပွဲ ပြီးမှသာ အသင်းမှထွက်ခွာခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းက ဇက်ဇီး ကို ၂၀၂၃ ခုနှစ်က ဘိုလော့ဂ်နာအသင်းမှ ခေါ်ယူခဲ့ပြီး အသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေခဲ့ရတာကြောင့် လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ် ထားခြင်းဖြစ်ပါတယ်။ ဇက်ဇီး ကိုယ်တိုင်ကလည်း အသင်းတွင် ပွဲထွက်ခွင့်မရရှိသဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားကာ စီးရီးအေပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး ရိုးမားအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အသင်းတိုက်စစ်ပိုင်းတွင် အဓိကကစားသမားများဖြစ်တဲ့ အမ်ဘူမို နဲ့ အာမက်ဒီယာလို တို့ကို အာဖရိကဖလားပြိုင်ပွဲသို့ စေလွှတ်ထားရတာကြောင့် အသင်းတိုက်စစ်ပိုင်းအတွက် ဇက်ဇီး ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားပြီး အာဖရိကဖလားပြိုင်ပွဲအပြီးမှသာ ထွက်ခွာခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။(NVS 008)