လာလီဂါတစ်လတာ အကောင်းဆုံးကစားသမားစာရင်းတွင် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်မှ ကစားသမားများ ရရှိရန် ရေပန်းစားနေ

27 Dec

၂၀၂၅ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာ ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့မှ ကစားသမားများရရှိရန် ရေပန်းစားနေကြောင်း GFFN သတင်းဝက်ဘ်ဆိုက် က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားစာရင်းတွင် ရီးရဲလ် မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေ က ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး၊ အလာဗက်အသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး၊ ဆီဗီလာအသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး စုစုပေါင်းလေးဂိုးထိ သွင်းယူခဲ့ပြီး အကောင်ဆုံးဆုဆွတ်ခူးရန် ထိပ်ဆုံး၌ ရေပန်းစားနေပါတယ်။ ၎င်းနောက်တွင် ဘာစီလိုနာလူငယ်ကစားသမား လမိုင်းယာမယ် က ယခုလအတွင်း ကစားခဲ့သည့် လာလီဂါပွဲစဉ်လေးပွဲတွင် သွင်းဂိုးနှစ်ဂိုးသွင်းယူကာ အသင်းကို လေးပွဲလုံးနိုင်ပွဲရရှိအောင် စွမ်းဆောင်ခဲ့သဖြင့် တစ်လတာအကောင်းဆုံး ပဏာမကစားသမားစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိပါတယ်။ ထို့ပြင် အေတီကိုအသင်းမှ အသင်းခေါင်းဆောင် ကိုကီ၊ ဆဲလ်တာဗီဂိုဂိုးသမား ရာဒူ၊ အယ်ချီတိုက်စစ်မှူး ဗယ်လီရာတို့က အကောင်းဆုံးကစားသမား ငါးဦးစာရင်း၌ အသီးသီးရပ်တည်ခဲ့ပါတယ်။(NVS 008)

27 Dec

ADVERTISE HERE .