Espn ရဲ့ Breakout Fighter of the Year ဆုကို ဂျိုရှုအာဗန် ဆွတ်ခူးရရှိ
27 Dec
နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်သည့် Espn ကပေးအပ်သည့် Breakout Fighter of the Year ဆုကို မြန်မာနွယ်ဖွား UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန် က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ Espn သတင်း ဌာနသည် UFC ပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် ရုပ်သံလိုင်းများမှ တစ်ခုအပါအဝင်အဖြစ်ပြီး UFC ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါတယ်။ Espn က UFC ပြိုင်ပွဲအတွက် တစ်နှစ်တာအကောင်းဆုံးဆုများကို ငါးဆုပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆုများကို ဆန်ခါတင်စာရင်းရွေးချယ်ကာ ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူပြီး ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်။ Espn က UFC ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆု ငါးဆုမှ အကောင်းဆုံးပြိုင်ပွဲဆုဖြစ်သည့် Best event of the Year ဆုကို ဂျိုရှုအာဗန် ပါဝင်ထိုးသတ်ခဲ့သည့် UFC 317 ပြိုင်ပွဲက ရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဂျိုရှုအာဗန် အနေဖြင့် အဓိက တွဲဆိုင်းအဖြစ် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရိုဗာ နှင့် ထိုးသတ်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆုအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ဆုနှင့် လွဲချော်ခဲ့ရသော်လည်း Breakout Fighter of the Year ဆုကို ဆန္ဒမဲ ၆၉ ရာခိုင်နှုန်းဖြင့် ရရှိခဲ့ကြောင်း သိရပါတယ်။(NVS 008)