စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၀၆၀ ဖြစ်ကြောင်းထုတ်ပြန်

27 Dec

ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အထိ ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆,၀၆၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ ဈေးနှုန်းမှာ ကျပ် ၆,၀၅၀ ဖြစ်ပြီး ယခုတစ်ပတ်တွင် ၁၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။ ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

27 Dec

ADVERTISE HERE .