ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

27 Dec

ရန်ကုန်တိုင်းဒေသကြီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ (၃)နာရီအချိန် အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီး စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော အမိန့်ကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)

27 Dec

ADVERTISE HERE .