ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်တွင် ကျင်းပမည်

26 Dec

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပသွားမှာဖြစ်ကြောင်းနဲ့ ပါဝင်သည့် မြို့နယ် ၆၃ မြို့နယ်တို့ရဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ၅ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၉ မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၉ မြို့နယ်တို့ရဲ့ စာရင်းများကို ထုတ်ပြန်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပရန် ဩဂုတ်လ ၂၀ ရက်မှာ ကြေညာချက်အမှတ်(၅၆/၂၀၂၅)ဖြင့်လည်းကောင်း၊ အပိုင်း(၂)ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မြို့နယ်၌ ကျင်းပရန် အောက်တိုဘာလ ၂၈ ရက်မှာ ကြေညာချက်အမှတ် (၁၄၁/၂၀၂၅)ဖြင့်လည်းကောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။(NVS 004)

26 Dec

ADVERTISE HERE .