2026 ASB Classic တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၅ ရက်တွင် စတင်မည်
25 Dec
2026 ASB Classic တင်းနစ်ပြိုင်ပွဲ နယူးဇီလန်နိုင်ငံ၌ လာမည့်ဇန်နဝါရီလ ၅ ရက်တွင် စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၅ ရက်မှ ၁၈ ရက်အထိ ၁၄ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ 2026 ASB Classic တင်းနစ်ပြိုင်ပွဲသို့ နာမည်ကျော် တင်းနစ်ကစားသမားနဲ့ တင်းနစ်မယ်များစွာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ASB Classic ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ပြင်သစ်တင်းနစ်ကစားသမား Gaël Monfils နဲ့ ဒိန်းမတ် တင်းနစ်မယ် Clara Tauson တို့ ဖြစ်ပါတယ်။(NVS 008)
25 Dec