ကမ္ဘာ့အဆင့်(၂) တင်းနစ်မယ်ဟောင်း ဇိုနာရီဗာ တင်းနစ်လောကသို့ ပြန်လည်ဝင်ရောက်မည်ဟု ကြေညာ

25 Dec

တင်းနစ်လောကမှ အနားယူထားသည့် ရုရှားတင်းနစ်မယ် ဇိုနာရီဗာ က ၂၀၂၆ ခုနှစ်တွင် တင်းနစ်လောကသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုကို ကြေညာခဲ့ကြောင်း Tennis Up To Date သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့အဆင့်(၂)နေရာထိ တက်ရောက်ခဲ့ဖူးသော ဇိုနာရီဗာ ဟာ နှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲတွင်လည်း ကမ္ဘာ့အဆင့်(၇)နေရာထိ တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဇိုနာရီဗာ က ၂၀၂၄ ခုနှစ် မေလတွင် တင်းနစ်လောကမှ အနားယူခဲ့သော်လည်း တင်းနစ်လောကဖြင့် ကာလရှည်ကင်းကွာနေရသည့်ခံစားချက်ကို မနှစ်သက်၍ တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဇိုနာရီဗာသည် ၂၀၂၆ ခုနှစ် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပွဲဦးထွက်အနေဖြင့် ပြန်လည် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ သို့သော် တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘဲ နှစ်ယောက်တွဲ တင်းနစ် ပြိုင်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အသက် ၄၁ နှစ် ရှိနေပြီဖြစ်လို့ တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကြံ့ခိုင်မှုပိုင်းတွင် ခက်ခဲနေလို့ နည်းစနစ်ပိုင်းကိုသာ ဦးစားပေးကစားရသည့် နှစ်ယောက်တွဲပြိုင်ပွဲသာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။ (NVS 008)

25 Dec

ADVERTISE HERE .