ခရစ္စတယ်ပဲလေ့စ်အသင်းမှ ထွက်ခွာမည့် ဂူဟီ
25 Dec
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာ က အသင်းခေါင်းဆောင် မက်ဂူဟီ အနေနဲ့ အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခြင်းမရှိဘဲ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ပဲလေ့စ်အသင်းက ဂူဟီ ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းချနိုင်ခြင်းမရှိပါက ရာသီကုန်တွ င် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမှာဖြစ်ပါတယ်။ ဂူဟီ က ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးအသင်းမှ ပဲလေ့စ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၈၃ ပွဲ ကစားကာ အဓိက ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ပဲလေ့စ်အသင်းက ဂူဟီ ကို ဇန်နဝါရီတွင် ရောင်းချရန်စီစဉ်လာပြီး ၎င်းကိုခေါ်ယူရန် လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားလျက်ရှိ ကြောင်း သိရပါတယ်။(NVS 008)
25 Dec