ကက်စ်မဲရိုး ကိုခေါ်ယူရန် အယ်လ်နာဆာအသင်းစီစဉ်

25 Dec

အယ်လ်နာဆာအသင်းက မန်ယူအသင်း ကွင်းလယ်ကစားသမား ကက်စ်မဲရိုး ကိုခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကက်စ်မဲရိုး က ၂၀၂၆ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အလားအလာနည်းပါးနေတာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်နာဆာ အသင်းက ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကွင်းလယ်ကစားသမား အားဖြည့်နိုင်ခဲ့ ခြင်းမရှိလို့ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိခြင်းမှာလည်း အသင်းကွင်းလယ်ပိုင်းမှာ ကြီးမားတဲ့အားနည်းချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .