ပွဲကစားရချိန် လျော့နည်းခဲ့ရလို့ စိတ်ပျက်နေတဲ့ ဒမ်ဘီလီ

25 Dec

PSG အသင်း တိုက်စစ်ကစားသမား ဒမ်ဘီလီ အနေနဲ့ ကလပ်အသင်းမှာ ပွဲကစားရချိန် လျော့နည်းနေခဲ့လို့ စိတ်ပျက်နေကြောင်း သိရပါတယ်။ လက်ရှိရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ပွဲကစားရချိန် လျော့ကျနေခြင်းဖြစ်ပြီး ပြင်သစ် လီဂူးပွဲစဉ် ၈ ပွဲမှာ ၃ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီ ဟာ စက်တင်ဘာ လဆန်းပိုင်းမှာ ပြင်သစ်အသင်းအတွက် ယှဉ်ပြိုင်ကစားစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကာ ရက်သတ္တ ၆ ပတ်ကြာ အနားယူခဲ့ရပြီး အောက်တိုဘာလ တတိယပတ်မှသာ ပြန်ကစားနိုင်ခဲ့ရာ နိုဝင်ဘာလအတွင်းမှာ ထပ်မံ၍ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဒမ်ဘီလီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ PSG အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ် အတွက် Ballon d'Or ဆုနဲ့ အခြားဆုတွေကိုလည်း ရရှိထားပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .