လေဗာကူဆင်အသင်းက ဘရိုက်တန်ကွင်းလယ်ကစားသမား ဟယ်ရီဟောင်းဝဲလ် ကို ခေါ်ယူရန်စိတ်ဝင်စား
25 Dec
လေဗာကူဆင်အသင်းက ဘရိုက်တန်အသင်း ကွင်းလယ်ကစားသမား ဟယ်ရီဟောင်းဝဲလ် ကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမား ဟယ်ရီဟောင်းဝဲလ် အနေနဲ့ အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာကြောင့် လေဗာကူဆင်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကလည်း ဟယ်ရီဟောင်းဝဲလ် အတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက ရောင်းချသွားနိုင်ဖွယ်ရှိနေပါတယ်။ လေဗာကူဆင်အသင်းက ဆောင်းရာသီဈေးကွက်အတွင်း ဘရိုက်တန်အသင်းထံမှ ဟယ်ရီဟောင်းဝဲလ် ကို ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
25 Dec