လူငယ်တိုက်စစ်ကစားသမား အန်းဒရစ် ကို လိုင်ယွန်အသင်းက အငှားဖြင့်ခေါ်ယူ

25 Dec

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်ကစားသမား အန်းဒရစ် ကို အငှားဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမား အန်းဒရစ် ဟာ ရီးရဲလ်အသင်းနဲ့အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားပြီး ခုနစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက အန်းဒရစ် ကို အတွေ့အကြုံ အသစ်များ ရရှိစေရန် အငှားချခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အန်းဒရစ် အနေနဲ့ လိုင်ယွန်အသင်းတွင် အငှားနဲ့ကစားနေချိန်မှာ ကျောနံပါတ်(၉)ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .