တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိတဲ့ မီနာမီနို

25 Dec

မိုနာကိုအသင်း ကွင်းလယ်ကစားသမား မီနာမီနို က တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ မီနာမီနို ဟာ ပြင်သစ်ဖလားပွဲစဉ်အဖြစ် မိုနာကိုအသင်းက အော်ဇေးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့တဲ့ပွဲစဉ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမား မီနာမီနို ဟာ မိုနာကိုအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၂၀ ပွဲကစားကာ ၂၃ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား မီနာမီနို ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရခြင်းက မိုနာကိုအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .