မန်ယူအသင်းက ကိုဘီမိုင်နူး ကို ရောင်းချမည့်အစီအစဉ်အား ပြန်လည်ရုပ်သိမ်း

25 Dec

မန်ယူအသင်းက လာမည့်ဇန်နဝါရီလ အားကစားသမားအပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ကစားသမား ကိုဘီမိုင်နူး ကို ရောင်းချမည့်အစီအစဉ်အား ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ‌ဖော်ပြခဲ့ပါတယ်။ အစောပိုင်းက မန်ယူအသင်းဟာ ကိုဘီမိုင်နူး ကို လာမည့်အပြောင်းအရွှေ့ကာလတွင် အငှား (သို့) အပြီးသတ် ရောင်းချရန် ပြင်ဆင်ထားခဲ့ပေမယ့် ကွင်းလယ်ပိုင်းတွင် ဖာနန်ဒက်စ် က တစ်လခန့် အနားယူရမှာဖြစ်လို့ ကိုဘီမိုင်နူး အား ရောင်းချမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီတွင် မန်ယူအသင်းကွင်းလယ်ပိုင်း၌ အူဂါတေး က ခြေစွမ်းပြသနိုင်ရန် ရုန်းကန် နေခဲ့ရသလို ဖာနန်ဒက်စ် ကလည်း အနည်းဆုံးတစ်လခန့် အနားယူရတော့မှာဖြစ်ပြီး ကတ်စ်မဲရိုး ကိုသာ အားထားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းက ကိုဘီမိုင်နူး ကို အသင်းတွင် ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။(NVS 008)

25 Dec

ADVERTISE HERE .