ငွေတောင်ကမ်းခြေသို့ နိုဝင်ဘာလအတွင်း ခရီးသွားဧည့်သည် ၁၈,၀၀၀ ကျော် လာရောက်လည်ပတ်

25 Dec

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင် ကမ်းခြေသို့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ခရီးသွားဧည့်သည် ၁၈,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှာ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ခရီးသွားဧည့်သည် ၁၇,၄၅၅ ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး နိုဝင်ဘာလမှာတော့ ခရီးသွားဧည့်သည် ၁၈,၅၈၅ ဦးအထိ လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ငွေတောင်ကမ်းခြေသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားဧည့်သည်များမှာ ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ သွားလာရေး အဆင်ပြေစေရန်နှင့် စနစ်တကျအနားယူနိုင်ရန် လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့်လုပ်ငန်းများကို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

25 Dec

ADVERTISE HERE .