တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်မှုနှင့် မြို့ကွက်သစ်စီမံကိန်း တိုးချဲ့ဧရိယာများအတွင်း လွတ်ကင်းမှု မရှိသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့မှုကို ပြည်ထောင်စုဝန်ကြီးစစ်ဆေး

25 Dec

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ မြို့ရှောင်ရထားလမ်းဖောက်လုပ်ခြင်းနှင့် မြို့ကွက်သစ် တိုးချဲ့စီမံကိန်း ဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့်အခြေအနေကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တောင်ငူမြို့သို့ရောက်ရှိပြီး မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများအား ပြောင်းရွှေ့တည်ဆောက်မည့်အခြေအနေနှင့် မြို့ကွက်သစ် တိုးချဲ့ စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်အခြေအနေနှင့် မြို့ကွက်သစ် တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီဓာတ်အားလိုင်း၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ရမည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

25 Dec

ADVERTISE HERE .