စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်ပြတိုက် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ချီးမြှင့်

25 Dec

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင် ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ စွမ်းအင်ပြတိုက်တွင် ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ကာလအထိ ခေတ်အလိုက် စုစည်းပြသထားသော ပြကွက် များ၊ သမိုင်းကြောင်းများ၊ အထောက်အထားစာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရေနံတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက်များနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် ပြခန်းများ၊ စက်ရုံပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ပြခန်းများကို ရုပ်လုံးရုပ်ကြွပုံစံငယ်များဖြင့် စနစ်တကျခင်းကျင်းပြသထားပါတယ်။ အဆိုပါပြခန်းကို မြန်မာ့စွမ်းအင်ကဏ္ဍ၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုသိရှိစေရန် နှင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် သိရှိလေ့လာနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တနင်္လာနေ့မှအပ၊ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ပြသထားမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍနှင့် ပတ်သက်သည့် ဗဟုသုတဖြစ်မည့် စာအုပ်စာတမ်းများနှင့် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသည့် စွမ်းအင်သတင်းလွှာများ ကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

25 Dec

ADVERTISE HERE .