“လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ဒဏ်ရာခွဲစိတ်မှု ခံယူရမည်”

24 Dec

လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ဟာ ခြေထောက်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ လီဗာပူးလ် အသင်းက အနားယူရမယ့်ကာလကို အတည်ပြုကြေညာခြင်း မရှိသေးပေမယ့် အီဆက်ခ်အနေနဲ့ အနည်းဆုံးတစ်လ ခန့် အနားယူရမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ လီဗာပူးလ်အသင်းက အီဆက်စ် အနေနဲ့ဟာ ခြေချင်းဝတ်ရှိ တံကျင်ရိုးကျိုးသွားလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်စံချိန်တင်ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အီဆက်ခ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

24 Dec

ADVERTISE HERE .