“နာပိုလီအသင်းထံ အငှားနဲ့ပြောင်းခဲ့ခြင်းဟာ ကြီးကျယ်ခမ်းနားတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဟွိုင်လန်း ပြောကြား”

24 Dec

နာပိုလီအသင်း တိုက်စစ်မှူး ဟွိုင်လန်း က နာပိုလီအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဟာ ကြီးကျယ် ခမ်းနားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ Instagram မှာ ရေးသားခဲ့ပါတယ်။ ဟွိုင်လန်း အနေနဲ့ နာပိုလီအသင်းနဲ့အတူ ပထမဆုံးဆုဖလား ရရှိတာလည်း ဖြစ်ပါတယ်။ ဟွိုင်လန်း ဟာ ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ပေမယ့် ဆီမီးဖိုင်နယ်မှာ အေစီမီလန်အသင်းကို တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဟွိုင်လန်း က စက်တင်ဘာလမှာ အငှားနဲ့ရောက်လာခဲ့ပြီးနောက် ၁၉ ပွဲကစားထားပြီး သွင်းဂိုး ၇ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့အငှားအပြောင်းအရွှေ့မှာ နာပိုလီအသင်းအနေနဲ့ ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်လည်း ပါဝင်ပါတယ်။

24 Dec

ADVERTISE HERE .