“ယာယာတိုရေးရဲ့ မှတ်တမ်းကိုလိုက်မီလာတဲ့ ဂျီမီနက်ဇ်”

24 Dec

ဖူလ်ဟမ်အသင်း တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ပယ်နယ်တီကို ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်မှု လက်ရှိအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေး ပင်နယ်တီက ၁၁ လုံးမှာ ၁၁ ဂိုးသွင်းပြီး လက်ရှိအများဆုံးအဖြစ်ရပ်တည်နေပါတယ်။ ဂျီမီနက်ဇ် က နော်တင်ဟမ်ဖောရက်နဲ့ပွဲမှာ ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းပြီး ပယ်နယ်တီ ၁၁ လုံးမှာ ၁၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ လုံးကန် ၁၂ ဂိုးဝင်ကာ စံချိန်သစ်တင်ခဲ့ပေမယ့် သူ့ရဲ့မှတ်တမ်းက အခုနှစ်မတ်လမှာ ရပ်တန့်ခဲ့ရပါတယ်။ ဂျီမီနက်ဇ် အနေနဲ့ ကိုးလ်ပါလ်မာ တင်ရှိခဲ့တဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ ပယ်နယ်တီနှစ်ဂိုးသာ လိုအပ်နေပါတယ်။

24 Dec

ADVERTISE HERE .