“လာမယ့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်ဖွယ်ရှိတဲ့ မန်ယူအသင်း”
24 Dec
မန်ယူအသင်းဟာ လာမယ့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကွင်းလယ်ပိုင်းကို အားဖြည့်ဖွယ်ရှိနေပါတယ်။ နည်းပြ အာမိုရင်မ် ဟာ စီနီယာကွင်းလယ်လူ နှစ်ဦးလောက် ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းကွင်းလယ် နေရာအတွက် box to box ကစားနိုင်တဲ့ ကစားသမားနှစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းက ဘာလယ်ဘာ၊ နော်တင်ဟမ်ဖောရက်စ်အသင်းက အဲလိယတ် အန်ဒါဆန်၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ဝေါ်တန်၊ ဘုန်းမောက်အသင်းက တိုင်လာအဒမ်စ်၊ စတုဂတ်အသင်းက စတယ်လာ တို့နဲ့လည်းဆွေးနွေးခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ဂယ်လာဂါ ကို အငှားခေါ်ယူဖို ကြိုးပမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက ဂယ်လာဂါ ကို အငှားချဖိုထက် ပေါင် ၃၅ သန်းနဲ့ အပြီးထုတ်ရောင်းဖိုသာ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
24 Dec