“Trump-class တိုက်ခိုက်ရေးစစ်သင်္ဘောများ တည်ဆောက်မည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့် ထုတ်ဖော် ပြောကြား”

24 Dec

ဒေါ်နယ်ထရမ့်သည် ရေတပ်အတွက် Trump-class တိုက်ခိုက်ရေးစစ်သင်္ဘောနှစ်စင်း စတင်တည်ဆောက်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်က သတင်းထောက်များကို ပြောကြားလိုက်သည်။ ထို့အပြင် ထရမ့်သည် သင်္ဘောများဒီဇိုင်းရေးဆွဲရာတွင် ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်္ဘောများကို နောက်ဆုံးပေါ်ခေတ်မီလက်နက်များ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။ ယင်းစစ်သင်္ဘောများကို အမေရိကန်ပြည်ထောင်စုတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အချိန်နှစ်နှစ်ခွဲခန့် ကြာမြင့် နိုင်ကြောင်း ထရမ့်က ပြောသည်။ ရွှေရောင်ရေတပ်စုဟု အမည်ပေးထားသော အင်အားစုတစ်ရပ် ပေါ်ထွက်လာစေရန် အဆိုပါစစ်သင်္ဘော ၂၅ စင်း ဝန်းကျင်အထိ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ သင်္ဘော တည်ဆောက်ရေးလုပ်ငန်းသည် ဟောင်းနွမ်းနေသည့် အခြေခံအဆောက်အအုံများနှင့် အခြားသော အကြောင်းရင်း များကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း အမေရိကန်မီဒီယာတစ်ခုက ထောက်ပြပြောကြားထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

24 Dec

ADVERTISE HERE .