“ချယ်ရီပန်းရာသီမှာ ချယ်ရီပန်းများ မခူးကြရန် ကမ်ပိန်းပြုလုပ်”
24 Dec
မြန်မာနိုင်ငံ၏ အအေးပိုင်းဒေသများ၌သာ ပွင့်နိုင်တဲ့ ချယ်ရီပန်းများက လက်ရှိ တောင်ကြီးမြို့အနီးတဝိုက်မှာ စတင်ပွင့်လာပြီဖြစ်ရာ ချယ်ရီပန်းများ မခူးကြရန် မေတ္တာရပ်ခံတဲ့ “Cherry Campaing” ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ချယ်ရီပန်းတွေက နှစ်စဉ်ဒီဇင်ဘာလအကုန် ဇန်နဝါရီလခန့်မှာပွင့်တတ်ပြီး သစ်ပင်၊ သစ်တောများ ပြုန်းတီးခြင်းနဲ့ လူတို့ရဲ့ ခူးယူချိုးဖျက်ခြင်းတွေကြောင့် တောင်ကြီးမြို့မှာဆိုရင် ချယ်ရီပင်တွေက သိသိသာသာကို လျော့နည်းလာတာက ၁၀ စုနှစ် တစ်ခုစာခန့်ရှိပြီဖြစ်တယ်လို့ ကမ်ပိန်းပြုလုပ်သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါကြောင့် ခေတ်ကာလအခြေနေအရ ရာသီစာပန်းများနှင့် ဓါတ်ပုံရိုက်ချင်သူများအတွက် သစ်ပင်၊ ပန်းပင် ချစ်သူများအတွက် ချယ်ရီပန်းများမခူးကြရန် မေတ္တာရပ်ခံပါကြောင်း ရေးသားထားပါတယ်။(NVS 004)
24 Dec