“ရန်ကုန်မြို့မှာ ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကျင်းပ”

24 Dec

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူး၍ ခရစ်တော်မွေးနေ့ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲကို ဒီဇင်ဘာလ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့ တက်ရောက်ပြီး စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်းတော်ကြီး အတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့ လာရောက်စဉ်အသုံးပြုခဲ့တဲ့ လှည့်လည်ယာဉ်များ၊ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယို၊ နိုင်ငံတော်ယာယီသမ္မတနှင့် ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို တို့၏ ခရစ္စမတ်ဆု တောင်းပွဲများနှင့် မိတ်သဟာယပွဲတော်များကျင်းပခဲ့မှု မှတ်တမ်းဗီဒီယိုတို့ကို ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် ခရစ်တော်ကို မျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးဖိုးဖိုးလှက အဖွင့်ဆုတောင်းစကားပြောကြားပြီး နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီး၊ တက်ရောက် လာကြသူများက ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်းအား စုပေါင်းသီဆိုခဲ့ပါတယ်။ နိုင်ငံတော် ယာယီသမ္မတက ဘာသာတရားသည် အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်ဖြစ်ကာ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်း ချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ကို လေးလေးနက်နက်ယုံကြည်ကြောင်း၊ နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့် ပတ်သက် ၍ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက် တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းက ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ရာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ပေးထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတနှင့်ဇနီးတို့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယမိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြပါတယ်။ (NVS 004)

24 Dec

ADVERTISE HERE .