“မြန်မာနိုင်ငံမှာ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို ထိုင်းနှင့် မြန်မာဆွေးနွေး”
24 Dec
မြန်မာနိုင်ငံ၌ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းဘုရင့်တပ်မတော်၊ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းညှိနှိုင်းရေး ဌာနအကြီးအကဲ General Direk Bongkarn တို့က ဒီဇင်ဘာလ ၂၃ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါတယ်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၏ အရေးကြီးပုံနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ကာလရှည်ကြာပြီ ဖြစ်သော ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းလာစေရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်နှိမ်နင်းရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)