“ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ပြည်တွင်းခရီးသွားဧည့်သည် လာရောက်မှုများပြား”

23 Dec

ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရားပုထိုးသာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော် သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရားတို့တွင် လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိပါတယ်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်းပြည်ပခရီးသွားအနေနဲ့ နေ့စဉ်စဉ်ဆက်မပြတ် လာရောက်လည်ပတ်လေ့ရှိပြီး သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာလရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များတွင် လာရောက်မှု များပြားလျက်ရှိနေဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

23 Dec

ADVERTISE HERE .