“မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲပြုလုပ်မည်”

23 Dec

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် “ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ” ရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်) Studio-A ၌ ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရပါတယ်။ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပြိုင်ပွဲအတွက် တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Ms.Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနစ်ဦးသည် ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲတွင် မြန်မာကဗျာ နှစ်ပုဒ်၊ တရုတ်ကဗျာ နှစ်ပုဒ်၊ တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရေးစပ်ထားတဲ့ ရွတ်ဆိုမည့် ဂန္ထဝင်ကဗျာတစ်ပုဒ်တို့ ပါဝင်မှာဖြစ်ပြီး အဆိုပါကဗျာရွတ်ဆိုပွဲမှတစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်နိုင်မှာဖြစ်ပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV)တို့သည် ၂၀၁၇ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာသို့ ပြန်ဆို ပြသလျက်ရှိသလို နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ (GXRTV)မှ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့်ငှက်မျိုးရင်း လေ့လာရေးအစီအစဉ်အား ပူးတွဲရိုက်ကူး ထုတ်လုပ်သွားမှာဖြစ်လို့ ရုပ်သံမှတ်တမ်း အစီအစဉ်နှစ်ခုအား နှစ်ဖက်ရုပ်သံများတွင် ထုတ်လွှင့်ပြသရေး သဘော တူညီချက်မူဘောင်ကိုလည်း လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS-004)

23 Dec

ADVERTISE HERE .