“၂၀၂၅ ခုနှစ်၊ ၁၁ လတာကာလအတွင်း ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)မှ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃,၁ဝဝ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့”
23 Dec
ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း စားသုံးသူရေးရာဦးစီးဌာန သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်းများတွင် ပြည်ပသို့တင်ပို့မည့် လယ်ယာထွက်ပို့ကုန်သီးနှံများနှင့် ပြည်ပမှတင်သွင်းလာတဲ့ စားအုန်းဆီများကို ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃,၁၀၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ သိရပါတယ်။ ပြည်ပမှ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်သွင်းသောနိုင်ငံများအနေနဲ့ အရည်အသွေးသတ်မှတ်ချက် စံချိန်စံညွှန်းများကို နိုင်ငံအလိုက် သတ်မှတ်ထားကြပြီး အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ပြည်တွင်းမှ လယ်ယာထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ရရှိနိုင်သောကြောင့် ယခုကဲ့သို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ၅၁ ဦးမှ အပ်နှံလာသော ပြည်ပတင်ပို့မည့် လယ်ယာထွက် ပို့ကုန်သီးနှံများနှင့် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများအပါအဝင် ကုန်ပစ္စည်းအမျိုးအစား ပေါင်း ၁၂ မျိုး၊ နမူနာအရေအတွက် ၉၆ ခုကို ဓာတ်ခွဲစမ်းသပ်မှုပေါင်း အကြိမ်ရေ ၂၆၀ အထိ ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ ဓာတ်ခွဲစမ်းသပ်ရာတွင် ပြည်တွင်းမှထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုအရည်အသွေးနှင့် သီးနှံရူပအရည် အသွေးစတဲ့ အချက်အလက်များနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)